အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်း ပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ လွတ်လပ်သန့်ရှင်းတရားမျှတသည်ဟု အသိအမှတ်ပြုထုတ်ပြန်ထားခဲ့သော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက်စစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ကို ချိုးဖောက်ကာ အဓမ္မလုယူခဲ့ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများကို မတရားဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ထို့ကြောင့် အာဏာလုအဓမ္မစစ်တပ်က နိုင်ငံရေးတရားဝင်မှုရရှိစေရန်ရည်ရွယ်၍ အတုအယောင်ရွေး ကောက်ပွဲ ကျင်းပရန် ကြံစည်အားထုတ်နေမှုကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားကာလဗဟို ကော်မတီအစည်းအဝေး များတွင် အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန် ၍ တားမြစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ တားမြစ်ထားသည်ကို မျက်ကွယ်ပြု၍ စစ်ကောင်စီ၏ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆုံးဖြတ်ချက် များကိုလိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်၍ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဆုံးဖြတ်ချက်ကို ဩဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကအဖွဲ့ချုပ်၏ ဗဟိုဌာန ချုပ်အစည်းအဝေးအမှတ်စဥ် ၃၂/၂၅ ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၈...