သံလွင်မြန်မာသတင်း
ဩဂုတ်လ ၈
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ KIO ဒုတိယဥက္ကဌ ဒုဗိုလ် ချုပ်ကြီး ဂွမ်မော်တို့နှင့် ချင်းညီနောင် – CB အဖွဲ့ခေါင်းဆောင်များတွေ့ဆုံပြီး တော်လှန်ရေး မဟာ ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက် ရန်ဆွေးနွေးခဲ့ကြောင်း ချင်းညီနောင် – CB အဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းယောမန်က ပြောကြားသည်။
ဇူလိုင်လ တတိယပတ်က KIO/KIA ဌာနချုပ်ရှိ လိုင်ဇာမြို့တွင် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီး လ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်တို့နှင့် ချင်းညီ နောင် -CB အဖွဲ့ခေါင်းဆောင်တို့တွေ့ဆုံခဲ့ပြီး ယခင်ကထက် ပိုမိုနီးကပ်ဆက် ဆံရေး၊ ပူးပေါင်းဆောင် ရွက်ရေးနှင့် တော်လှန်ရေးမဟာဗျူကျကျ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ကျနော်တို့ တွေ့တာကတော့ ဒီဇူလိုင်တတိယပတ်ဝန်းကျင်မှာ တွေ့ခဲ့တာပါ၊ ဆွေးနွေးပွဲကတော့ ကျနော်တို့ ချင်းညီနောင် CB အနေနဲ့ ဒီ KIA နဲ့ အရင်ကထပ်ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတွေ၊ တော်လှန် ရေးကို မဟာဗျူဟာ ကျကျ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်၊ ဘယ်လိုမျိုးလုပ်ကြမယ်ဆိုတာ လေးတွေကို ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲရလဒ်ကတော့ အများကြီးပေါ့၊ အများကြီးဆိုတာက တော် လှန်ရေးအတွက် ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမယ်၊ ဘယ်လိုရှေ့ဆက်ကြမယ်၊ အရင်က ထက် ပိုနီး ကပ်တဲ့ဆက်ဆံရေး၊ အရင်ကထက်ပိုနီးကပ်တဲ့ ချိတ်ဆက်မှုတွေကိုတော့ တော်တော်များ များ ဆွေးနွေးဖြစ်ကြပါတယ်” ဟု ချင်းညီနောင် -CB အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် NUG အစိုးရမှ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တို့နှင့်လည်းတွေ့ဆုံခဲ့ ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီ၏ လူမှုကွန်ယက်တွင် တင် ပြထားသော မှတ်တမ်း ဓာတ်ပုံအရ သိရသည်။
ယင်းမှတ်တမ်းဓာတ်ပုံနှင့်အတူ ယခုတလော အွန်လိုင်းပေါ်တွင် ချင်းညီနောင် – CB နှင့်ပတ်သက်၍ ရေးသားပြောဆိုကြသည်ကို တွေ့ရှိနေရကြောင်း၊ ယခုခရီးစဉ်သည် ၂၀၂၁ ခုနှစ်မှစ၍ လက်နက်စ ကိုင်ခဲ့သည့် ၄ နှစ်သားအရွယ် အတွက် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း၊ သင်ယူစရာ၊ လေ့လာစရာ အများကြီးတွေ့ခဲ့ရကြောင်း အသိပေးထားသည်။
“တကယ်တော့ ဒီခရီးစဥ်က ၂၀၂၁ ကလက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ် ကျောက်တစ်ခုပါ။ သင်ယူစရာတွေလေ့လာစရာတွေအများကြီး တွေ့ခဲ့ရတယ်။ တော်လှန်ရေး ဘိုးအေတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ဘယ်လိုစဥ်းစားကြသလဲ။ ဘာတွေလုပ်ဆောင်နေပြီလဲ။ စသဖြင့်ပေါ့။ ဒီခရီးစဥ်က ဘယ်အဖွဲ့ကိုမှ ထိခိုက်နှစ်နာစေတဲ့ခရီးစဥ်မဟုတ်ပါဘူး။” ဟု ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီထွဋ်က ၎င်း၏ လူမှုကွန်တွင် ရေးသားထားသည်။
ထို့အပြင် ယခုထက်ပိုမိုစည်းလုံးကြရန် သင်ခန်းများရရှိခဲ့ပြီး ထိုးဖောက်လုပ်ဆောင်ရမည့်ခေတ်ဖြစ် ကြောင်း၊ မည်သည့်အရာမှ ဖုံးကွယ်၍မရပဲ ပွင့်ပွင့်လင်းလင်းဖြင့် အားလုံးအတူတကွပူးပေါင်းကာ ရှေ့ဆက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ဒီထက်စည်းလုံကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေရခဲ့တဲ့ခရီးစဥ်ပါပဲ။ နောက် ယခုခေတ်ကtransparent ရှိရှိအလုပ်လုပ်ရမည့်ခေတ်ဖြစ်တယ်။ ဘယ်အရာမဆိုဖုံးကွယ်လို့မရပါဘူး။ လူတွေကို လိမ်နေလို့ရတဲ့ခေတ်မဟုတ်တော့ဘူး။ လမ်းတွေပွင့်လာပြီ။ ရှေ့ဆက်ပြီးအားလုံးပူပေါင်းလုပ်ဆောင် ကြရမှာပဲ။ ဗိုလ်ချုပ်ရဲ့အမှာစကားကတော့ ” ချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့နွားသိုး ကြီးနှစ်ကောင်ကဆွဲရမှာပဲ။ အဲလိုဆွဲလို့ရအောင် လှည်းပေါ်ကနေ နှာဖာကြိုးနဲ့ မောင်းပေးမည့် လူ (Platform) တော့လိုတယ်.”ဟု ဆလိုင်းတင်မီထွဋ်က ပြောဆိုထားသည်။
Thanlwin Myanmar Media