Chin State News

Chin State News

မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီက အစုလိုက်အပြုံလိုက်ပေါက်ကွဲသည့် Cluster Bomb များအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပေါက်ကွဲသည့် Cluster Bomb များအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့မေလ ၁၇ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်ပေါက်ကွဲစေသည့် Cluster Bomb ဖြင့် အသုံးပြု ကျဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ဗုံးသီးအလုံးရေ ၁၀ လုံး ဝန်း ကျင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ အ တွင်းရှိကျေးရွာတစ်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၁၅ ရက် နေ့ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁ အတွင်းရှိ ကျေးရွာတစ် ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...