Chin State News

Chin State News

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်နေသည့် ရဲ ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်နေသည့် ရဲ ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းမိခဲ့ ကြောင်း CDF – Hakha က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ဟားခါးမြို့ရှိ အပြစ်မဲ့ပြည်သူများကို လက်နက်ပြပြီး ခြိမ်းခြောက်၍ ငွေညှစ်လုယက်နေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲသား နှစ်ဦးကို CDF-Hakha မှ ရဲဘော်များက ခြောက်လုံးပြူးသေနတ် ၁ လက်၊ ပြည်သူများထံမှ ခြိမ်းခြောက်လုယက်ထားသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

CDF – Hakha အနေဖြင့် အပြစ်မဲ့ပြည််သူများကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များအား လိုက်လံအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက်သလစ်ဘုန်း တော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်သူများအား NUG စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကက် သလစ် ဘုန်း တော်ကြီး...