Chin State News

Chin State News

ချင်းပြည်တဝန်းလုံး စစ်ကောင်စီကင်းစင်ရေး၊ ချင်းလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက် ရေး၊ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF – Thantlang ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

ချင်းပြည်တဝန်းလုံး စစ်ကောင်စီကင်းစင်ရေး၊ ချင်းလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက် ရေးနှင့် ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း CDF – Thantlang က ထုတ်ပြန်သည်။

 

ဧပြီလ ၆ ရက်နေ့တွင် ကျရောက်သည့် Chinland Defense Force – Thantlang တည်ထောင်ခြင်း ၄ နှစ် ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချင်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 

CDF-Thantlang သည် ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံး၌ အကြမ်းဖက် စစ်ကောင်စီ ကင်းစင်ရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်ရေးအတွက် မိတ်ဖက် တော် လှန်ရေးအဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ချင်းတမျိုးသား လုံး စုစည်းညီညွတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း CDF-Thantlang မှ ရဲဘော် စုစုပေါင်း ၆၇ ဦး အသက် ပေးလှူခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ထန်တလန်မြို့နယ်ရှိ အပြစ်မဲ့ပြည်သူ ၁၇ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်း၊ ချင်းပြည် (Chinland) နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျ ဆုံးသွားသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်အားလုံးကို အလေးအနက်ဦးညွတ် အလေးပြုပါကြောင်း အသိပေးထားသည်။

 

ယခုအချိန်တွင် CDF-Thantlang သည် တော်လှန်ရေး ပိုမိုအားကောင်းထိရောက်ရေး အတွက် တပ် အင်အား စနစ်တကျစုဖွဲ့မှုနှင့် စံပြုထိုက်သော အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများ ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံပြည်သူတရပ်လုံး လွတ်မြောက်ရေး၊ ချင်းလူမျိုး နှင့် ချင်း ပြည် (Chinland) ကို ကာကွယ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့် ရရှိနိုင်ရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် Chinland Defense Force Thantlang တည်ထောင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ CDF-Thantlang ၏ တော်လှန်ရေး ခရီး ၄ နှစ်တာ အတွင်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသော ပြည်တွင်း/ပြည်ပရှိ ပြည်သူတရပ်လုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ယခုအချိန်ကာလသည် အရေးကြီးသည့် အချိန်ကာလဖြစ်သဖြင့် ပြည်တွင်း/ပြည်ပရှိ ပြည်သူတရပ် လုံး အနေဖြင့် ဉာဏ်ပညာအားဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်း အား ဖြင့်လည်းကောင်း အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်ကြပါရန် တိုက်တွန်းထားည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု Operation Flame အဖွဲ့ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ပဲ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Operation Flame အဖွဲ့ကထုတ်ပြန်သည်။  ...