Chin State News

Chin State News

ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အစိုးရ အဆောက် အအုံနှင့် နေအိမ်အလုံး ၂၀ ကျော်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အစိုးရအဆောက်အအုံနှင့်နေအိမ် အလုံး ၂၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကန် ပက် လက်မြို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်နှင့် အစိုးရ အဆောက်အဦး ၂၀ လုံး ပျက်စီး ဆုံးခဲ့ကာ ပြည်သူများ ထိခိုက်မှုကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် နေအိမ် ၅ လုံး၊ ထွေ/အုပ် အစိုးရ အဆောက်အအုံ ၈ လုံး၊ ခေါ်နူးစုမ်ရိပ်သာ ၁ လုံး၊ ကျေးလက်ဦးစီးမှူးရုံး ၂ လုံး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး ၁ လုံး၊ မြို့နယ် စစစ ရုံး ၁ လုံး ၊ မြို့နယ် စီမံကိန်းရုံး ၂ လုံး စုစုပေါင်း ၂၀ လုံး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ကန် ပက်လက်မြို့နယ် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ လေကြောင်းရန် အထူးဂရုပြု နေထိုင်ကြရန် ကန် ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ပြောဆိုထားသည်။

 

စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့် ကန်ပက်လက်မြို့သည် စစ်ကောင်စီကင်းစင် သွားပြီဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁...