Chin State News

Chin State News

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၄

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၇၄ တပ်ရင်းအတွင်းမှ လက်နက် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF Mindat က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ရာ တပ်ရင်မှူး ဗိုလ်မှူး ကြီးအပါအဝင် စစ်သုံ့ပန်း အများ အပြား ဖမ်းဆီးရရှိထားပြီး ၎င်းတို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု ကို စစ်ဆေးနေကြောင်း၊ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ နှင့်အညီ ထိန်းသိမ်းထးကြောင်း သိရသည်။

 

ချင်းပြည်နယ်တွင် ဟားခါး၊ တီးတိန်၊ ထန်တလန်မြို့များသာ သိမ်းပိုက်ရန်ကျန်ရှိတော့ပြီး ဖလမ်းမြို့ ရှိ ခလရ ၂၆၈ တပ်စခန်းကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အပြီးသတ်သိမ်းပိုက် ရရှိ တော့မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံး အကြမ်းဖက်စစ်ကောင်စီ လက် အောက်မှ လွတ်မြောက်သွားပြီဖြစ်ပြီး ကျန်ရှိနေသော မြို့များကိုလည်း သိမ်းပိုက်ရရှိရန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ အသိပေးထားသည်။

“ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာ ခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေ သေးတယ် ဖလမ်းကလည်း ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တယ်၊ ကျန်နေရာတွေက စစ်ကောင်စီ ကင်းစင်သွားပြီ၊ ကျနော်တို့ဒေသ လွတ်မြောက်ရုံနဲ့ ဒီအတိုင်းအေးဆေးနေမှာမဟုတ်ပါဘူး။ သက် ဆိုင် ရာ အဖွဲ့တွေနဲ့ပူးပေါင်းပြီး အားလုံးလွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ဆက် လက်လက်တွဲဆောင်ရွက်သွားမှာပါ” ဟု ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီချုပ် ဆလိုင်း ထန်းချွန်းဖေက ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ထို့သို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာမိတ်တပ်များ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက် အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ...