Chin State News

Chin State News

ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး မဟာမိတ်အဖွဲ့များနှင့်အတူ လက်တွဲ ပူးပေါင်း တိုက် ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

ချင်းပြည်နယ်တစ်ခုလုံး အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရေး မဟာ မိတ်တပ်ဖွဲ့များနှင့်အတူ လက်တွဲပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့က ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် စတင်ခဲ့ရာ စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်များက တပ်စွဲထား သည့်နေရာ အသီးသီးမှ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ယခုအချိန်တွင် ကန်ပက်လက်မြို့နယ် တစ်ခုလုံးသည် ချင်းညီနောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့မှ မြို့နယ်လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို စနစ်တကျ လည်ပတ်လာနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟုဆိုသည်။

 

ချင်းပြည်တောင်ပိုင်းနယ်တစ်ခုလုံး အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ အလုံးစုံ လွတ် မြောက်လာခဲ့ပြီဖြစ်ပြီး ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသည့်နေရာများတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းညီနောင်နှင့် မဟာမိတ်အင် အားစုများအတူတကွ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...