Chin State News

Chin State News

ချင်းပြည်နယ်တွင် ဟားခါး၊ တီးတိန်၊ ထန်တလန်မြို့တို့သာ သိမ်းပိုက်ရန်ကျန်ရှိပြီး ဖမ်းလမ်းမြို့တွင် လည်း ခလရ ၂၆၈ တပ်စခန်းကျန်ရှိနေသေးသဖြင့် အရှိန်အဟုန်မြှင့်တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

ချင်းပြည်နယ်တွင် ဟားခါး၊ တီးတိန်၊ ထန်တလန်မြို့များသာ သိမ်းပိုက်ရန်ကျန်ရှိတော့ပြီး ဖလမ်းမြို့ တွင်လည်း ခလရ ၂၆၈ တပ်စခန်းခုကျန်ရှိနေသေးသဖြင့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း ချင်းညီနောင်အဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

“ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာ ခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေ သေးတယ် ဖလမ်းကလည်း ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တယ်၊ ကျန်နေရာတွေက စစ်ကောင်စီ ကင်းစင်သွားပြီ၊ ကျနော်တို့ဒေသ လွတ်မြောက်ရုံနဲ့ ဒီအတိုင်းအေးဆေးနေမှာမဟုတ်ပါဘူး။ သက် ဆိုင် ရာ အဖွဲ့တွေနဲ့ပူးပေါင်းပြီး အားလုံးလွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ဆက် လက်လက်တွဲဆောင်ရွက်သွားမှာပါ” ဟု ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီချုပ် ဆလိုင်း ထန်းချွန်းဖေက ပြောကြားသည်။

ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ကျင်းဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်အပါအဝင် ချင်းပြည်တောင် ပိုင်း ရှိ မြို့များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ပြီး ဖမ်းလမ်းမြို့ရှိ ကျန်ရှိနေသော ခလရ ၂၆၈ တပ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

 

မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းသိမ်းပိုက်မှုတွင် တပ်ရင်မှူး ဗိုလ်မှူးကြီးအပါအဝင် စစ်သုံ့ပန်း အများ အပြား ဖမ်းဆီးရရှိထားပြီး ၎င်းတို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုကို စစ်ဆေးနေကြောင်း၊ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထး ကြောင်း အသိပေးထားသည်။

 

ထို့သို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာမိတ်တပ်များ၏ အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက် အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန် ချင်းတော်လှန်ရေးအဖွဲ့အစည်း ၁၈ ဖွဲ့က ပူးတွဲထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူ စစ် ကောင်စီကို တော်လှန်တိုက်ထုတ်ရန်...