Chin State News

Chin State News

ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းစွန့်ခွာသွားသဖြင့် သေနတ်ပစ်ဖောက် ရခြင်းမရှိပဲ သိမ်းပိုက်ရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၂

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်သားများ အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသ ဖြင့် သေနတ်ပစ်ဖောက်ရခြင်းမရှိပဲ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း CDF ကန်ပက်လက်က သတင်း ထုတ်ပြန်သည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီခန့်က ကန်ပက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲတပ်ဖွဲ့ဝင်များအားလုံး ကန်ပက်လက်မြို့ကို စွန့်ကာ အားလုံးထွက်ပြေးသွားသဖြင့် ချင်းတော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက်နယ်မြေရှင်းလင်းပြီး သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်လိုက်ကြောင်း ချင်းညီနောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများ စွန့်ခွာသွားသည့် စခန်းများကို ဝင်ရောက်ရှင်းလင်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ပက်လက်မြို့ကို မြို့နေပြည်သူများက ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အကျိုးအဖြစ် သက်သေထူနိုင်ခဲ့ပြီဖြစ်ကြောင်း CDF ကန်ပက်လက်က ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...