Chin State News

Chin State News

မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက် နက်ချအညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၀

 

ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆၈ ဦး လက် နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းညီနောင် စစ်ဆင်ရေးက ယနေ့ သတင်းထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင် စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါ တိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်သား ၊ ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရသည်။

 

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စွဲနေရာယူထား သော ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ်ရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများ နှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရသည်။

 

ဖလမ်းနှင့် မင်းတပ်မြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တပ်စခန်းများကို အပြီးသတ် သိမ်းပိုက် နိုင်သည်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီ ကင်းစင်သည်အထိ အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ...