Chin State News

Chin State News

မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ပွဲလမ်းသဘင်များ၊ လူစုလူဝေး များမပြုလုပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၇

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ သဖြင့် ပွဲလမ်းသဘင်များ၊ လူစုလူဝေးများ မပြုလုပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတိပေးချက်ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကစ၍ အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် လူစုလူဝေးပြု လုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

Photo – ပုံဟောင်း

လက်ရှိချိန်တွင်လည်း မင်းတပ်မြို့၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ကာလဖြစ်၍ လေကြောင်း တိုက်ခိုက်မှု ပိုမိုများပြားလာသောကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဘာသာရေး နှင့် သက်ဆိုင်သည့် အခမ်းအနားနှင့် ပွဲများ၊ ရိုးရာပွဲလမ်း သဘင်များ ကျင်းပပြုလုပ်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူခြင်းခံရမည်ဖြစ် ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ အမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း...