Chin State News

Chin State News

မင်းတပ်မြို့နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်အလွန်အကျွံအသုံး ပြုကာခုခံနေ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲပြင်းနေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူအလွန်အကျွံအသုံးပြုကာခုခံနေတယ်လို့ ချင်းညီနောင်တပ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့တို့ကို ချင်းညီနောင်တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်းအ ချို့ကို သိမ်းပိုက်ထားနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူကာ အပြင်းအထန်ခုခံနေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေပေမယ့် အတည်ပြု၍ မရသေးပဲ တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က ပြောပါတယ်။

 

“လက်ရှိစစ်ရေးဖော်ဆောင်နေဆဲပါ။ တိုက်ပွဲက ပြင်းထန်ဆဲမို့ တရားဝင်သတင်းထုတ်ပြန်ဖို့ အစီ အစဉ်မရှိသေးပါဘူး” ဟု ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်မှုများရှိပြီး အရှင်ဖမ်းဆီးရရှိထားသူများ၊ လက် နက်ခဲယမ်းများ သိမ်းပိုက်ထားရရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိပြီး အဆောက်အအုံများလည်း ပျက်စီးမှုရှိကာ မြို့ ပေါ်နေ ပြည် သူများ လည်း စစ်ဘေးရှောင်နေရလို့ သိရပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲတွေကို ချင်းညီနောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ ချင်းအမျိုးသားကာကွယ် ရေးတပ် (CNO/CNDF) ၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ ၁ ၊ MDF မာရာကာကွယ်ရေးတပ်တို့အပြင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ GZA တပ်ဖွဲ့တို့ လည်း ပါဝင်တိုက်ခိုက်နေတာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မင်းကွန်းဒေသတွင် ကင်းရွာရှိ ပြည်သူ့နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁   စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာရှိ ပြည်သူ့နေအိမ်အလုံး ၁၀...