Chin State News

Chin State News

တွန်းဇံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၀ ကျော်ပြည့်သူ့ရင်ခွင်ထံ အလင်းဝင်၊ တမူးခရိုင်ရဲ တပ်ဖွဲ့မှ ရဲ ၁ ဦး၊ တွန်းဇံမြို့မရဲစခန်းမှ ရဲ ၂ ဦးလည်း CDM ပြုလုပ်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၃၀

 

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည်သူ့ရင်ခွင်ထံအလင်းဝင် ခဲ့ပြီး လူဦးရေ ၃၀ ကျော်ကို ခံဝန်ထိုးပြီး ဘေးလွတ်ရာနေရာကို ပို့ဆောင်ထားပြီဖြစ်ကြောင်း တွန်းဇံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

 

ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစစ် စသည့်ဌာနများမှ Non CDM ဝန်ထမ်း ၁၀၀ ကျော် သည်တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့သို့ အလင်းဝင်ရောက်ခဲ့သူများကို စိစစ်ပြီး ၃၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးကာ လုံခြုံဘေးကင်းသည့် နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

 

အလားတူ တွန်းဇံမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲ ၂ ဦးနှင့် စစ်ကိုင်းတိုင်း၊ တမူးခရိုင် တွင်တာဝန်ထမ်းဆောင် ရဲတစ်ဦးတို့လည်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ် ကာ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ရဲက တွန်းဇံမြို့မရဲစခန်းက ၂ ဦးနဲ့ တမူးခရိုင်က ရဲ ၁ ဦးပါ။ လက်နက်တော့မပါဘူး။ တွန်းဇံမြို့နယ် ထဲက Non CDM တွေ အယောက် ၁၀၀ ကျော်အလင်းဝင်ပါတယ်။ ခံဝန်ထိုးထားတာက ၃၀ ကျော်ပါ၊ ကျန်တဲ့သူတွေကိုတော့ မူဝါဒအတိုင်း စိစစ်နေဆဲ အခြေအနေပါ။ ဌာနတွေအားဖြင့်တော့ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစသည်ဖြင့် များပါတယ်။” ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Non CDM ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ရဲရဲတင်းတင်း လက်တွဲဖြုတ်ကာ ပြည် သူ နှင့်အတူ လက်တွဲ၍ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ ပြည်သူ့ဘက်သို့ အလင်းဝင်လိုသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDM များအား ချင်းပြည် စီဒီအမ် မူဝါဒနှင့်အညီ မြို့နယ် စီဒီအမ်ကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ မှ စီစစ် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

ဖားကန့်မြို့အဝင် ပန်းတင်တံတားတွင် စစ်တပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုသား ၃ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ ကချင်ပြည်နယ်၊ ဖားကန့်အမြို့အဝင် ပန်းတင်တံတား၌ အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ် ခတ်သတ်ဖြတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်း ရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက် နံနက်...