Chin State News

Chin State News

ထန်တလန်မြို့ပေါ်ရှိ CB ဘဏ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက် ရရှိပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၇

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ CB ဘဏ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုရှိခဲ့ကြောင်း CDF ထန်တလန်မှထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ထန်တလန်မြို့ပေါ်ရှိ CB ဘဏ် ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ချင်းပြည်နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီဝန်းကျင်အချိန်တွင် အလုံးစုံသိမ်းပိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိမှုရှိကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ကနေစပြီးတော့ ထိုးစစ်ဆင်ခဲ့တာ ၊ ၂ နာရီဝန်းကျင်လောက်ကျ တော့ သိမ်းပိုက်နိုင်ခဲ့ပြီ။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိခဲ့တာတွေရှိတယ်။ သေသွားတဲ့ စကစ အလောင်း တွေလည်းတွေ့ခဲ့တယ်။ အလောင်းအရေအတွက်တော့ ပြောပြလို့ အဆင်မပြေသေးဘူး။ ဖမ်းမိတာ လည်းပြောလို့မရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိဘူး။ လေကြောင်းလည်း မလာဘူး” ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှစ၍ Tilim Operation-4 အမည်ဖြင့် ချင်းပြည် နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့ ရှေ့တန်းအမာခံ စခန်းဖြစ်သည့် Auto တောင်စခန်း ၃ ခု၊ ထန်တလန် – ဟားခါးလမ်းပိုင်းရှိများ အကြမ်းဖက် စစ်တပ် စခန်းများနှင့် ထန်တလန်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ အခိုင်အမာတပ်စွဲထားသော လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

“ထန်တလန်မြို့မှာ သိမ်းပိုက်စရာသိပ်မကျန်တော့ပါဘူး။ မကြာမီပြည်သူလက်ထဲကို အပ်နှံနိုင် တော့ မှာပါ။ ထန်တလန်မြို့ကို မသိမ်းပိုက်နိုင်မချင်း မလျော့သော ဇွဲ၊လုံ့လနဲ့ ဆက်တိုက်ပွဲဖော် ဆောင်သွား ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။” ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူ ၃ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ၃ ဦး သေဆုံးပြီး...