ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၄

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ကန်ပက်လက်မြို့၊ မြို့မ ၂ ရပ်ကွက် ၁၀ မိုင်းကုန်း၌ ကျင်းပသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက်စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲမေ ၁ ဦးနှင့် ပြည်သူ ၂ ဦး စုစု ပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲမေ ၁ ယောက်နဲ့ ပြည်သူ ၂ ယောက်သေတယ်လို့တော့ ကနဦး သတင်းရတယ်။ ဒဏ်ရာရတာတွေ လည်းများတယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ဒေသနေပြည်သူက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကျဉ်ကြရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Medai

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်၊ အောက် တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၄၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ညပိုင်းက တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊...