Chin Sate News

Chin Sate News

အပြစ်မဲ့ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင် ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ပြင်းထန်စွာ အရေးယူသွားမည်ဟု ချင်းပြည် (Chinland) အစိုးရ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၈

 

အပြစ်မဲ့ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင် ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ပြင်းထန်စွာ အရေးယူသွားမည်ဟု ချင်းပြည် (Chinland) အစိုးရ ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၂၆ မနက် ၁၁ နာရီခွဲအချိန်က ဖလမ်းမြို့နယ် ၊ Lumte ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံအပါအဝင် အနီးအ နားရှိ ပြည်သူ့နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြစ်မဲ့ ကျန်းမာရေးဝန် ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေနဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ထားကာ ဗုံး ကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ကာ ချင်းပြည်နယ်ရှိ အပြစ်မဲ့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှုတွေကိုလည်း ရက်စက်စွာကျူးလွန်လျက်ရှိပါတယ်။

 

ချင်းပြည်အစိုးရအနေနဲ့ Lumte ပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံးမှုနဲ့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးမှု အ ပေါ် လွန်စွာဝမ်းနည်းကြောင်းနဲ့ ချင်းပြည် (Chinland) အစိုးရမှ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်သွားမည်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ချင်းပြည်အစိုးရက ထုတ်ပြန်ကြေညာ ထားတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...