Chin News

Chin News

တွန်းဇံမြို့တိုက်ပွဲအတွင်း စစ်ကူပေးသည့် လေယာဉ်က ကိုယ့်လူများနေထိုင်ရာ အဆောင်အနီး ဗုံးကျဲချခဲ့ (ရုပ်သံ)

 

D Day News

ဇွန်လ ၁၆

 

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကူပေးသည့် လေယာဉ်က ကိုယ့်လူများ အကာအကွယ် ယူရာ အဆောင်အနီး ဗုံးကျဲချခဲ့သဖြင့် အဆောက်အအုံပျက်စီးခဲ့ကြောင်း စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံ ရသူ တပ်ကြပ်ကြီး ကျော်ကြီးက ပြောကြားသည်။

 

မေလ ၁၇ ရက်နေ့က တွန်းဇံမြို့သိမ်းတိုက်ပွဲအဖြစ် ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်များက ဆင်နွှဲခဲ့ရာ တပတ်ခန့်အကြာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့အဖြစ်ဖမ်းဆီးရရှိသူ တပ်ကြပ်ကြီးကျော်ကြီးကို ပြည်သူ့ကာကွယ်ရေးတပ် (PDA) တီးတိန်က မေးမြန်း ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဂျက်ဖိုက်တာတွေက ကိုယ့်လူကိုယ်ပြန်ချသွားတာ။ ဗုံးကျဲဘာဆိုတော့ ကိုယ်ပစ်တဲ့နားကို ချသွား တာ၊ အဆောင်တွေပြုတ်လို့၊ ပြတင်းပေါက်တွေ အပေါက် ၂၀ လုံးပျက်စီးသွားတာ၊ အဲဒီမှာ တင် စဖွဲ့စည်းပုံပျက်တော့တာပဲ။ ပြတင်းပေါက်ပျက်သွားမှာတော့ ကျနော်တို့ သေပြီပေါ့၊ ဘာကာဗာ မရှိတော့ဘူး။ အဲဒီလေယာဉ်က ဘာ‌ေ-ာသုံးမှကို မကျဘူး။ သူတို့လည်းတာဝန်ကျေပဲ ပေးမှာ ချပြီး ထွက်ပြေးသွားတာ၊ ရန်သူမှန်းမသိ။ ကိုယ်ဘက်ကမှန်းမသိ။ အတော်စိတ်နာတယ်။ အဆောင်နား ကပ်ချသွားတာ၊” ဟု တပ်ကြပ်ကြီးကျော်ကြီးက ပြောကြားသည်။

https://youtu.be/QJRKZ5gsWcQ

စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ တပ်ကြပ်ကြီးကျော်ကြီးသည် စစ်လုပ်သပ် ၂၀ ခန့်ရှိပြီး တပ်ရင်း ၅ ခုတွင်တာဝန်ထမ်းဆောင်ဖူးကြောင်း၊ စစ်တပ်အတွင်း အထက်အရာရှိများက လက်အောက်ငယ် သားများကို ဖိနှိပ်သည့်အပြင် သုံ့ပန်းအဖြစ်ဖမ်းဆီးခံရခြင်း၊ လက်နက်ချအညံ့ခံခြင်း လုပ်ဆောင် သည့် စစ်သား၊ မိသားစုဝင်များကို ချက်ချင်းလိုင်းခန်းအတွင်းမှ မောင်းချသည်ကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ဘူးကြောင်း ဆက်လက်ရှင်းပြသည်။

 

“တိုက်ပွဲကျသွားရင်တော့ အကောင်းပေါ့၊ အဖမ်းခံ ရတာတို့ လက်နက်ချတာတို့ဆိုရင် ဘာမှ အခွင့် အရေး မရဘူး။ ကလေးတွေရော၊ မိန်းမတွေရော စောင်တွေရော ခေါင်းအုံးတွေရော ချက်ချင်း ၊ တပ် အပြင်ဘက်ကို ချက်ချင်းမောင်းထုတ်ပစ်လိုက်တာ။ ကျနော့်ရဲ့အတွေ့အကြုံအရပဲ၊ တပ်ဆိုရင် ၅ တပ် လောက်ရှိ‌‌ နေပြီ၊ ဒါမျိုးအတွေ့အကြုံခဏခဏတွေ့နေရတာ။ ဘာမှ လှည့်မကြည့်ဘူး၊ နင့်ယောက်ျား ‌ေ-ာက်သုံးမကျအဖမ်းခံလိုက်ရတာ၊ ‌ေ-ာက်သုံးမကျလို့ လက်နက်ချတာ။ ဘာမှ မပေးဘူး၊ ခံစားခွင့် ပင်စင်ဘာမှမရှိဘူး။ အိုးခွက်ပန်ကန်တွေကအစ ဂိတ်ဝမှာအကုန်လွှင့်ပစ်တာ။ “ ဟု တပ်ကြပ်ကြီး ကျော်ကြီး ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...