Chin News

Chin News

တီးတိန်မြို့ရဲစခန်း၊ နတလရုံးနှင့် မိုက်ခရိုဝေ့ဗ်စခန်းတစ်ခုကို သိမ်းဆည်းရရှိပြီး ရဲ ၇ ဦး သေဆုံး၊ စစ် တပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီး၊ ပြည်သူတစ် ထောင်ကျော်ထွက်ပြေး နေရ

 

D Day News

မေလ ၂၇

 

ချင်းပြည်နယ်၊ တီးတိန်မြို့ရဲစခန်း၊ နတလရုံးနှင့် မိုက်ခရိုဝေ့ဗ်စခန်းတစ်ခုကို သိမ်းဆည်းရရှိပြီး ရဲ ၇ ဦး သေဆုံးကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီး ပြီး ပြည်သူတစ် ထောင်ကျော်ထွက်ပြေးနေရကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့ မေလ ၂၇ ရက် နံနက်ပိုင်းကစတင်ပြီး တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာန (နတလ)ရုံး၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်သားများတပ်စွဲထား သည့်နေရာများကို ချင်း ညီနောင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်လျက်ရှိရာ နတလရုံးနှင့် ရဲစခန်းနှင့် မိုက် ခရိုဝေ့ဗ်စခန်းနေရာတို့ကို သိမ်းဆည်းရရှိပြီး ရဲ ၇ ဦးသေဆုံးကာ အရှင်ဖမ်းမိ ထားသူများလည်းရှိ ကြောင်း သိရသည်။

ထိုသို့ အထိနာမှုကြောင့် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် အမြောက်အများပျက်စီးခဲ့ပြီး ညနေ ၃ နာရီခန့်မှစ၍ တီးတိန်မြို့လယ်ခေါင်ဝန်းကျင်မှစတင်ကာ နေအိမ်များမီးလောင်နေကြောင်း သိရသည်။

 

“မီးကတော့ မြို့မ ရပ်ကွက် Zolengthe နာရီစင် ဝန်းကျင်ကနေ စလောင်တာပါ နာရီစင်ရဲ့ တောင် ဘက် လမ်းမကြီးတလျှောက်က အိမ်ကြီး ဆိုင်ကြီးတွေ လောင်နေတာ။ ဘယ်လောက် ပါသွားလည်း ဆိုတာ ပြောလို့ မရသေးဘူး။ အခုလည်း လောင်နေတုန်းပဲ။ တီးတိန်မြို့ရဲ့ မြို့လယ်ခေါင် အချက် အချာ နေရာတွေပေါ့မနက်ပိုင်းကတော့ မိုက်ခရိုဝေ့ဗ်မှာရှိ စကစတပ်သားတွေကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဖမ်းသွားတယ်။ စခန်းကို သိမ်းလိုက်ကြပြီ”ဟု ဒေသသတင်းရင်းမြစ်က ပြောကြား သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် တီးတိန်မြို့နေပြည်သူ ၁၀၀၀ ကျော်မှာ ကလေးမြို့ အပါအဝင် တခြား ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရေဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရာမမွန်တပ်တော် - RMA ကထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က အင်အား ၁၀၀...