Chaung U News

Chaung U News

ချောင်းဦးရဲစခန်းမှအိမ်စီးကားဖြင့် ဘီယာထွက်သည့် စစ်သားများပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ တိုက် ခိုက် ခံရပြီးနောက် စစ်တပ်က ပြည်သူ့နေအိမ် ၅ လုံးကိုမီးရှို့ဖျက်ဆီး

 

D Day News

ဧပြီလ ၁၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းမှ အိမ်စီးကားဖြင့် ဘီယာထွက်ဝယ်သည့် စစ်သား ၃ ဦးကို ပစ် ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၁ ရက် ညနေ ၄ နာရီခန့်က ချောင်းဦးမြို့မရဲစခန်းထဲမှ အိမ်စီးကားဖြင့် ကင်းလှည့်ရင်း ဘီယာ ထွက်ဝယ်သည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၃ ဦးကို ချောင်းဦးမြို့ပေါ်တနေရာ၌ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF တပ်ခွဲအညာမိုင်း အဖွဲ့ က အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက် ဒဏ် ရာ ရရှိကာ ထွက်ပြေးသွားခဲ့ရပြီး ၎င်းတို့ စီးလာခဲ့သော ကား ၁ စီး၊ ဖုန်း ၂ လုံးနှင့် Tiger ဘီယာဖာ ၃ ဖာ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ညပိုင်းတွင် ချောင်းဦးမြို့၊ ပွဲရပ်အနောက်ပိုင်း ၂ ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၅ လုံးကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရသည်။ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားသော အကြမ်းဖက်စစ်သား ၃ ဦး အနက် ၁ ဦးမှာ ဧပြီလ ၁၂ ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း၊ ကျန်စစ်သား ၂ ဦးမှာလည်း အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသနေကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ် လေကြောင်း ဖြင့် အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန် ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက် လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က...