Chaung U News

Chaung U News

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူကျေးရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦး အပြင်း အထန်ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူကျေးရွာနှင့် ကံဇီးပျူကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF ထံမှ သိရသည်။

 

ဧပြီလ ၃ ရက် နံနက် ၁၁ နာရီအချိန်မှ ၁၂ နာရီအချိန်အထိ ချောင်းဦးမြို့နယ် ကံကြီးကုန်း ပျူစောထီး ကျေး ရွာကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး၊ ည ၇ နာရီခွဲခန့်မှ ၈ နာရီခန့်အထိ MULTI WINGS DRONE ဖြင့် AIR BOMB ၅ လုံး ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/eA2VEzQ_hYM

အလားတူ ဧပြီလ ၃ ရက် ညနေ ၆ နာရီမှ ၇ နာရီခန့်အထိ ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးကျေးရွာ ကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၁၁ လုံး ကျဲ ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပျူစောထီးကျေးရွာ ၂ ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အ တွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၂ ဦးအခြေအနေ စိုးရိမ်ရ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF ၊ စစ်ကိုင်း ခရိုင် Droneတပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE -UHF ၊ SHINING STARS နှင့် Meikhtila Special Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...