Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်းနေသော စစ်သား၊ ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၉

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် မိုင်းရှင်းနေသော အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ချောင်းဦးမြို့၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အရပ်သားပြည်သူများအသွင်ယူပြီး မိုင်းရှင်းနေသာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် Aera 71 PDF တပ်ဖွဲ့မှ ထောင်ထားသော မိုင်းကွင်းပေါ်တည့်တည့်သို့ ရောက်ရှိလာသဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

“ထိထိမိမိပဲ ဆွဲလိုက်ရတာ၊ ၃ ဦးသေတယ်၊ လောလောဆယ်တော့ တောပုရွာကနေ ထွက်လာတဲ့ စစ်ခွေးတွေက ပုရစ်ကုန်းတောင်ရွာကို မီးရှို့နေတယ်၊ နေအိမ် ၃ လုံးလောင်သွားပြီ၊ ပြည်သူတွေက တော့ ရှောင်နေကြရတယ်၊ အားလုံးကတော့ ဘေးကင်းကြပါတယ်၊ ကျနော်တို့ စစ်မိစ္ဆာတွေကို အမြစ်ပြတ်ရှင်းထုတ်နိုင်ဖို့ ကြိးစားနေပါတယ်၊ ပြည်သူတွေ အားတင်းထားပေးကြဖို့ ပြောချင်ပါ တယ်” ဟု Area 71 PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ခရီးသွားပြည်သူ ကားများကို တားဆီးကာ ကားပေါ်မှ ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေသည်မှာ ဇွန်လ ၁၇ ရက်နေ့မှစ ၃ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...