Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

ဇွန်လ ၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးတိုးဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲ စခန်းဂိတ်မှ ထွက်လာသော အကြမ်း ဖက် စစ်သားများသည် မုံရွေးတိုးဂိတ်အနီး တပ်ဖြန့်နေရာယူကာ လမ်းသွားလမ်းလာပြည်သူများကို တားဆီး စစ်ဆေးအနိုင်ကျင့်လျက်ရှိရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းပေါ်သို့ အကြမ်းဖက်စစ်သား ၂ ဦးရောက်ရှိလာသဖြင့် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယင်းစစ်သား ၂ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“မုံရွေးတိုးဂိတ်မှာက တပ်စွဲထားတာ မရှိပါဘူး။ မြပုလဲ ဂိတ်ကနေ ထွက်လာပြီး ကင်းပုန်းဝပ်၊ လမ်း သွားလမ်းလာတွေ စစ်ဆေး ဆတ်ကြေးကောက်နေတာပါ” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကျန်အကြမ်းဖက်စစ်သားများက လမ်းဘေးဝဲယာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ – Youth Vigor Revolution Force ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၂ နှင့် ကနောင်မင်းသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် လမ်းပေါ်တွင်အကြမ်းဖက်စစ်သားများရှိနေပါက ၎င်းတို့နှင့် နီးကပ်စွာ နေ ထိုင်ခြင်းမပြုပဲ အတတ်နိုင်ဆုံးရှောင်ရှားသွားလာကြပါရန် ၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ် ပြန် ကြေညာချက်များကို လေးစားစွာ လိုက်နာပေးကြပါရန် အထူးပင်မေတ္တာရပ်ခံ ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...