Chaung U News

Chaung U News

ချောင်းဦးမြို့မရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရ

 

D Day News

ဇွန်လ ၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Sagaing District Drone Force – SDDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၄ ရက် နေ့က ချောင်းဦးမြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သား များကို Sharr Htoo Waw နည်းပညာ Fixed Wings ဒရုန်းများဖြင့် Air Bomb ၇ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲ ၃ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထွေအုပ်ရုံးထဲ ကျဲချတာမှာ ၃ ဦးထိတာ၊ အပြင်းအထန်ဒဏ်ရတယ်။ ရဲစခန်းက ကောင်တွေက အသံ ကြားတာနဲ့ ထွက်ပြေးကြတာ။ ရဲစခန်းထဲကို အတိအကျ ချနိုင်ခဲ့ပေမယ့် အကုန်ထွက်ပြေးကြလို့ မထိ လိုက်တာ။” ဟု Sagaing District Drone Force – SDDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ၆ ချက် ရမ်းသမ်းပစ် ခတ်ခဲ့ရာ တောထဲတွင် တစ်လုံးကို ထိမှန်ခဲ့ပြီး ကျွဲ ၃ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Sagaing District Drone Force – SDDF ၊ MSPDF၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ CHU ဒရုန်း လက်ရုံးတပ် ၊ Meikhtila Special Force နှင့် Urban Hunter Force – UHF တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...