Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၅ ဦး အပြင်း အထန်ဒဏ်ရာရ

 

D Day News

မေလ ၃၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Sagaing District Drone Force ထံမှ သိရ သည်။

 

ယမန်နေ့ မေလ ၃၀ ရက်နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှစ၍ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီးစခန်းကို Share Htoo Wow နည်းပညာဒရုန်းများဖြင့် Air bomb ၁၀ လုံးကျဲချ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်ကိုင်တုတ် ပျူစောထီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

“၅ ဦး ဒဏ်ရာအပြင်းအထန်ရတယ်၊ သေဖို့များတယ်လို့ပဲ သိရတယ်။ အခုတော့ မသေသေးဘူး။ လက်နက်ကြီး ၆၀ မမနဲ့ ၅ လုံးပြန်ပစ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု Sagaing District Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Sagaing District Drone Force SDDF ၊ မြောင်မြို့နယ်အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – MSPDF ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ CHU ဒရုန်း လက်ရုံးတပ် နှင့် Meikhtila Special Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...