Chaung U News

Chaung U News

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ကားနှင့်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၂၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြား တွင် အကြမ်းဖက်စစ်ကား ၁ စီးနှင့် ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်ဆေး ရေးဂိတ်မှ ချောင်းဦးမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် Jammer ကားတစ်စီးကို ချောင်းဦးမြို့နှင့် ငါးယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကိုင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်သား များ လိုက်ပါလာသည့် တွဲကား ၁၇ စီးပါ ယာဉ်တန်းအနက် ၅ စီးမြောက်ကားကို ချောင်းဦးမြို့နှင့် ငါး ယှန်ကျေးရွာကြားအရောက် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပွိုင့်အနီး ကင်းပတ်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒို တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့် ခဲယမ်း၊ ကျည် ကအစ ပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေအခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး မိဘပြည်သူများ အနေ ဖြင့် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူး မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ...