Chaung U News

Chaung U News

မုံရွာ-ချောင်းဦးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကားတစ်စီးပျက်စီး

 

D Day News

ဧပြီလ ၂၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် ချောင်းဦးမြို့မှ ထွက်လာပြီး မြပုလဲ စစ်ဆေးရေး ဂိတ်အနီးရှိ ကင်းပုန်းစစ်သားအချို့ကို ဆင်ဆောင်ကာ မုံရွာဘက်သို့ ထွက်လာစဉ် အသင့်ထောင်ထားသော မိုင်းပွိုင့်ပေါ် အရောက် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း သိရသည်။

 

ထို့သို့ မိုင်းစထိမှန်ပျက်စီးသွားသော ကားကို မိနစ် ၃၀ ခန့်အကြာ ပြန်လည် ပြင်ဆင်ပြီး မုံရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား ထိခိုက် သေ ဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုးဂိတ်နဲ့ ဘက်စုံခြံကြားက ကင်းပုန်းတွေတင်ပြီး ဆက်ထွက်လာတာ၊ တိုးဂိတ်နားမှာပဲ မိုင်းဆွဲ ခဲ့တာပါ၊ စစ်ကိုင်းဘက်ကထွက်လာတဲ့ ကားတွေကိုလည်း တိုးဂိတ်ပတ်ချာမှာပဲ ထပ်ဆွဲခဲ့တာ။ ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်အချိန်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော အကြမ်း ဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ဖောကား ၅ စီးအနက် ၃ စီးမြောက်နှင့် ၃ စီးမြောက်ကား တို့ကို ပဒေသာမိုင်း ၃ လုံး ၁ ပွိုင့်၊ ၂ လုံး ၁ ပွိုင့်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီးပျက်စီး သွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force နှင့် မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၂ Black Hunter People’s Task Force တို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...