Chauk News

Chauk News

ချောက်မြို့နယ်၊ ဆူးတောရွာအတွင်း ဝင်ရောက်နေရာယူသည့် စစ်သားများကို တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၁ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၁

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောကျေးရွာအတွင်း ဝင်ရောက်နေရာယူသည့် အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၁၁ ဦးသေဆုံးသွားကြောင်း Chauk Guerrilla Force (C.G.F) ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန် ချောက်မြို့နယ်၊ မြေပဒုံအုပ်စု၊ ဆူးတောကျေး ရွာအတွင်း အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက် နေရာယူတပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အရာရှိ ၁ ဦးနှင့် တပ်သား ၁၀ ဦးသေဆုံးကာ အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ၄၅ မိနစ်လောက်ကြာခဲ့တယ်၊ နယ်မြေထိန်းချုပ်နိုင်ဖို့ ဝင်ပြီးနေရာယူတာ၊ ကုန်းကြီးကနေ ဝင်လာတာလို့ သိရတယ်၊ ညကတပ်ဆုတ်သွားသေးတယ်၊ အဲလိုတပ်ဆုတ်သွားတဲ့အချိန်မှာ လက် နက်ကြီးတွေနဲ့ ခြောက်ပစ်ပစ်ပြီး တပ်ကူတွေနဲ့လာခေါ်သွားတာ။ အင်အား ၃၀ ကျော်ရှိတာ အရာရှိ တစ်ဦးပါ ၁၁ ယောက်လောက်ကျသွားတာဆိုတော့ ညကပြန်ဆုတ်သွားတယ်၊ အခုမနက်တော့ ပြန် ဝင်လာ တာမျိုးရှိနိုင်တယ်၊ လက်နက်တွေတော့ မသိမ်းဆည်းနိုင်လိုက်ဘူး” ဟု Chauk Guerrilla Force (C.G.F) တာဝန်ခံကိုဘကွန်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...