CDM News

CDM News

မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်ခဲယမ်းများ ယူ ဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၅

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးလက်နက်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တွင် တာဝန်ကျနေသော ခမရ ၅၁၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အ မျိုး အစား သေနတ် ၂ လက်၊ ကျည်အတောင့် ၁၂၀ တို့ကို ယူဆောင်လာကာ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူတို့က စစ်မှုထမ်းတပ်သားတွေပါ။ တစ်ဦးကို သိန်း ၃၀ စီချီးမြှင့်ထားပါတယ်။ ကျန်တဲ့ စစ်ကောင် စီတပ်သားတွေ အနေနဲ့လည်း အမြန်ဆုံးဘက်ပြောင်းခိုလှုံကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလင်းဝင်ရောက်ခဲ့သူ တပ်သား ၃ ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီးကာ တာဝန်ပေးခြင်းခံရသူများဖြစ်ပြီး စစ်တပ်မှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက် သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့်ကာ ရုန်းထွက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆို ထားသည်။

 

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ဖယ်ခုံ PDF (၁၀၀၆တပ်ရင်း) က တစ်ဦး လျှင် ငွေကျပ် သိန်း ၃၀ စီဆုချီးမြှင့်ပေးထားပြီး CDM သူရဲကောင်းများကို နွေးထွေးစွာ ကြိုဆို၍ ဘေး ကင်းလုံခြုံစွာ စောင့်ရှောက်ပေးထားကြောင်း ၊ထို့အပြင် အမျိုးသားညီညွှတ်ရေး အစိုးရမှ CDM တပ် သား များကို ချီးမြှင့်သည့် ပြည်သူ့သူရဲကောင်းများအဖြစ် အသိအမှတ်ပြုနိုင်ရေး၊ ထိုက်သင့်သော အထောက်အပံ့များ ရရှိရေးအတွက်လည်း ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...