CDM News

CDM News

တီးတိန်မြို့အခြေစိုကြ် ခလရ ၂၆၉ တပ်ရင်းမှ စစ်သား ၂ ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

ချင်းပြည်နယ်၊ တီးတိန်မြို့ခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း CDF CDM SIYIN ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တီးတိန်မြို့အခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ ခလရ ၂၆၉ တပ်ရင်းမှ တသ ကျော်စောနိုင် နှင့် တသ ဇော်လင်းတို့ နှစ်ဦးသည် ကျနော်တို့ CDF CDM SIYIN ထံသို့ ခဲယမ်းတချို့နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ခဲယမ်းတစ်ချို့နှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင် ကြောင်း၊ မြို့တွင်းတွင်ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ် ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေး မည် ဖြစ်ကာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထား ပေးမည်ဖြစ်ကြောင်း CDF CDM SIYIN က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...