CDM News

CDM News

စစ်ကောင်စီတပ်အတွင်း စစ်မှုထမ်းမည့်အစား တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပါဝင်ကြရန် CDM တပ်ကြပ် တိုက်တွန်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

လူငယ်များအနေဖြင့် စစ်မှုထမ်းဥပဒေကြောင့် ဝင်ရောက်အမှုထမ်းမည့်အစား တော်လှန်ရေးတပ်ဖွဲ့ များ နှင့်ပူးပေါင်းပါဝင် တိုက်ခိုက်ကြရန် အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစစ်မျက်နှာမှ အလင်း ဝင်ခဲ့သူ CDM တက သက်ခိုင်ဦးက တိုက်တွန်းထားသည်။

 

တကသက်ခိုင်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ ခလရ ၃ မှ စစ်သား ၁ ဦးဖြစ်ပြီး အောင်ဇေယျစစ်ကြောင်းနှင့်အတူ လိုက်ပါလာခဲ့ရကာ ရှေ့တန်းစစ်မျက်နှာမှ KNLA တပ် ရင်း အလင်းဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

“တပ်ထဲကိုတော့ မဝင်ပါနဲ့လို့ပြောချင်ပါတယ်။ ဒုက္ခကတော့ ခံရမှာပါပဲ ဝင်တဲ့အချိန်တော့ ၊ ဒါပေ မယ့် တပ်ထဲကိုတော့ မဝင်ကြပါနဲ့လို့ ပြောချင်ပါတယ်။ တပ်ထဲထက် တော်လှန်ရေးဘက်မှာ ပါဝင်ပါ လို့ပြောချင်ပါတယ်။” ဟု အောင်ဇေယျရှေ့တန်းစစ်ကြောင်းမှ အလင်းဝင်ရောက်ခဲ့သူ တက သက်ခိုင်ဦးက ပြောကြားသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ချီတက်လာသည့် အောင်ဇေယျစစ်ကြောင်းရှိ ရှေ့တန်းရဲ ဘော်များ ရိက္ခာပြတ်တောက်ကာ အားအင်များပြတ်လပ်နေပြီး အထက်အရာရှိများကလည်း အတင်း တက်ခိုင်း နေကြောင်း သိရသည်။

 

“နောက်တန်းက‌နေ ပို့တဲ့အချိန်ကတော့ စားရပါတယ်။ အခုနောက်ပိုင်းတော့ ရိက္ခာတွေပြတ်တောက် ပြီး လူတွေလည်းအားမရှိ၊ လဲတဲ့သူကလဲ ၊ နေမကောင်းဖြစ်တဲ့သူက နေမကောင်း ဖြစ်နေပါတယ်။ အ ပေါ်က အထက်အရာရှိတွေက အတင်းတက်ခိုင်း၊ မသေသင့်ပဲနဲ့ သေရမှာစိုးလို့ အလင်းဝင်ခဲ့ခြင်း ဖြစ် ပါတယ်” ဟု တကသက်ခိုင်ဦးကပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...