CDM News

CDM News

ကျောက်ကြီးမြို့နယ်တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူ ဆောင်ထွက်ပြေးလာပြီး အလင်းဝင်၍ဟုပြောဆိုကာ အလင်းဝင်ရောက်ရှိသဖြင့် PDF တပ်ဖွဲ့မှ ကောင်းမွန်စွာကြိုဆိုပြီး ဆုငွေကျပ် ၁၀ သိန်းကနဦးချီးမြှ့င်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးလာပြီး အလင်းဝင်ချင်၍ဟုဆိုကာ ရောက်ရှိလာသဖြင့် ကောင်းမွန်စွာကြိုဆို၍ ဆုငွေကျပ် ၁၀ သိန်းကို ကနဦးချီးမြှင့်ပေးထားကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ် နတ်သံကွင်း – ကျောက်ကြီး လမ်းပေါ်ရှိ စစ်ကောင်စီစခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦးသည် MA 3 တစ်လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၉၇ တောင့် တို့ကို ယူဆောင်ထွက်ပြေးလာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိရာ နယ်မြေအတွင်းသို့ဝင်ရောက်လာပြီး အလင်းဝင်ချင်လို့ပါဟုပြောဆိုကာ ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကျနော်တို့ တပ်ရင်းကို ကြိုတင် ချိတ်ဆက်ပြီးတော့ ဝင်လာတာမျိုး မ ဟုတ်ဘူး။ သူတို့ တာဝန်ကျ တဲ့ နေရာကနေ ပြေးလာတာ၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ဘက်ကို သူ တို့ ဦးတည်ပြီးပြေးလာတာပေါ့။ အဲလို ပြေးလာပြီးတော့ စိုးမိုးနယ်မြေထဲကို ရောက်တဲ့အခါမှာ သူတို့ အလင်းဝင်ချင်လို့ပါ ဆိုပြီး တွေ့တဲ့သူကို ဆက်သွယ်ပြီးတော့ ဝင်လာတာပါ။” ဟု ပဲခူးခရိုင်၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားသစ် ၂ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ P2-3702 မှ ငွေကျပ် ၁၀ သိန်းကို ကနဦး ချီးမြှင့်ပေး ထား ပြီး ပြည့်သူ့ ရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိ​ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်မှ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့ များကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြရန်၊ အလင်းဝင်ရောက်ကြမည့် အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့မျးက ဝမ်းမြောက်ဝမ်းသာ ကြိုဆို လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၃...