CDM News

CDM News

ရန်ကုန်မြို့ပေါ်တွင် လိမ်လည်၍ စစ်တပ်ထည့်သွင်းခံရသူတစ်ဦးနှင့် အလုပ်ကအပြန် ပေါ်တာဆွဲခံရ သူတစ်ဦးတို့ လက်နက်ခဲယမ်းများ ယူဆောင်ပြီး PDF ထံအလင်းဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

ရန်ကုန်မြို့ပေါ်တွင် အလုပ်ရှာပေးမည်ဟု လိမ်လည်၍ စစ်တပ်ထည့်သွင်းခံရသူတစ်ဦးနှင့် အလုပ်က အပြန် ပေါ်တာဆွဲခံရ သူတစ်ဦးတို့ လက်နက်ခဲယမ်းများ ယူဆောင်ပြီး PDF ထံအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာ၌ တာဝန်ကျနေသော စစ်မှု ထမ်းတပ်သား ၂ ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခု ၊ 5.56 ကျည် အ တောင့် ၄၀၀ တို့ကို ယူဆောင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ၂ တပ် ရင်း ၊ P2-3702 ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောကခဲ့ကြောင်း ၊ ၎င်းတို့ ၂ ဦးသည် ရန်ကုန်မြို့ တွင် နေထိုင်ပြီး အလုပ်ရမည်ဟုဆိုကာ လိမ်လည်၍ စစ်တပ်အတွင်း ထည့်သွင်းခံရသူနှင့် အလုပ်က နေအိမ်သို့ အပြန်ပေါ်တာဆွဲခံရကာ စစ်တပ်အတွင်း ထည့်သွင်းခံရသူများဖြစ်ကြောင်း သိရသည်။

“သူတို့က ရန်ကုန်မြို့ပေါ်မှာ စုဆောင်းခံရတာ၊ တစ်ယောက်က အတင်းအဓမ္မဖမ်းပြီးတော့ စုဆောင်း ခံရတာ။ တစ်ယောက်ကတော့ အလုပ်အကိုင်ရှာပေးမယ်ဆိုပြီး စုဆောင်းခံရတာ။ လက်ရှိသူတို့ကို ကျနော်တို့ တပ်ရင်းအနေနဲ့ ၁၀ ကို ကနဦးချီးမြှင့်ထားတယ်။ ကျန်တာကိုတော့ ပြည်သူ့ရင်ခွင်တို့က နေဆက်ပြီးချီးမြှင့်တာမျိုးတော့ ရှိပါလိမ့်မယ်” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဆက်သွယ်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဘေး ကင်းသည့်နေရာသို့ ပို့ဆောင်ကာ မြန်မာကျပ်ငွေ ၁၀ သိန်းကို ကနဦး ချီးမြှင့်ငွေအဖြစ် ပြန်လည် ချီးမြှင့်ခဲ့ကြောင်း၊ ထို့အပြင် ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင် ရွက်လျက်ရှိ​ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေကြသော စစ်သားများ၊ စစ်မှုထမ်း များအနေဖြင့် ပြည်သူလူထုဘက်သို့ အမြန်ဆုံးရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ် ဆက်၍ အလင်းဝင်ရောက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

“စစ်ကောင်စီမှာတာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူပဲဖြစ်ဖြစ်၊ အ ရင်တုန်းက ရှိနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့၊ ဒီအချိန်က တွေဝေနေရမယ့်အချိန်မဟုတ်တော့ဘူး။ အဲဒါ ကြောင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေဆီကို အမြန်ဆုံးချိတ်ဆက်ပြီးတော့ လက်နက်နဲ့တကွ အလင်းဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 မှ တာ ဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု ၂ ခုအတွင်းရှိ ပြည်သူ ၆၀၀၀ ကျော်ကို PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းမှ မောင်းထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း၌ ထိန်းချုပ်   သံလွင်မြန်မာသတင်း ဇွန်လ ၉   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂...