CDM News

CDM News

ပခုက္ကူမြို့အခြေစိုက် ခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်း စစ်သား ၁ ဦး လက်နက် ၂ လက်၊ ခဲယမ်း များနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်း သင် တန်းဆင်း စစ်သား ၁ ဦး လက်နက် ၂ လက် ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းက ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ် မဌာနချုပ်ဖြစ်သော တပ်မ – ၁၀၁ ၏ လက်အောက်ခံတပ်ရင်းဖြစ်သည့် ခလရ ၂၅၂ တပ်ရင်းတွင် တာ ဝန်ကျနေသော အတင်းအဓမ္မ စုဆောင်းခံရသူ မောင်ဝင်းဆန်းထွေးသည် လက်နက်ခဲယမ်းများ နှင့်အတူ ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်း စစ်သားနှင့်အတူ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊5.56 ကျည် ၁၂၀ တောင့်တို့နှင့် အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက် ၂ လက် ၊ ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားအား Burma Revolution Rangers တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုငွေသိန်း ကျပ် ၁၀၀ နှင့်Redmi Note 13 Pro ဖုန်း ၁ လုံးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်မှ အရာရှိအရာခံဗိုလ်များ၊ တပ်သားများ၊ ပျူများအနေနှင့်အမြင်မှန်ရကြကာအကြမ်းဖက်စစ်တပ် လက်အောက်တွင် ဆက်လက်နေထိုင်ခြင်းမပြုကြပဲ ပြည်ညသူလူထု ဘက်ရပ် တည်နိုင်ရန် Burma Revolution Rangers တပ်ဖွဲ့တွင်ဖြစ်စေ ၊ နီးရာတော်လှန်ရေးတပ်ဖွဲ့များတွင် ဖြစ်စေ အလင်းဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...