CDM News

CDM News

ရွှေဘိုမြို့၊ ခမရ ၁၂ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူ ဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂

 

စစ်ကိုင်းတိုင်း၊ ရွှေလိုမြို့နယ်၊ ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစ်သားအဖြစ်စုဆောင်းခံရ ပြီး စစ်မှုထမ်းသင်တန်းတက်ရောက်ခဲ့ကာ ရွှေဘိုမြို့နယ်၊ ကျောက်မြောက်မြောင်းမြို့အခြေစိုက်ခမရ ၁၂ တပ်ရင်းတွင် တာဝန်ကျနေသော စစ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ပြီး ရွှေဘို မြို့နယ်၊ တိုက်နယ်အမှတ် ၆ နယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားသည် ၎င်းနှင့်အတူ MA3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၅.၅၆ ကျည် ၁၀၈ တောင့်၊ သံပုရာသီး အမျိုးအစား ဗုံးသီး ၄ လုံး တို့ကို ယူဆောင်ပြီး ထွက်ပြေးကာ အလင်းဝင်ရောက်ခဲ့ခြင်းကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းအတွင်း ထပ်မံ အလင်းဝင်လိုသူများစွာရှိသေးပြီး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများအား ထိုက်တန်စွာဂုဏ်ပြုချီးမြှင့် ပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့်စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူများအနေဖြင့်လည်း အမြန်ဆုံးအလင်းဝင် ရောက်ကြရန်နှင့် အလင်းဝင်ရောက်မည်ဆိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါရန် တိုက်တွန်း ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင်ကွာဝေး သည့် ကစထ ၆ အတွင်း၌ ထိန်းသိမ်းထားပြီး သွား၊ နှလုံးနှင့်သက်ကြီးပိုင်းတွင်ဖြစ်တတ်သောရောဂါ များ ခံစားနေရပြီး ဆေးမြီးတိုဖြင့်သာ ကုသနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင် ကွာဝေး...