CDM News

CDM News

မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၄ ဦး လက်နက်မဲ့ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းတွင် တာဝန်ကျနေသည့် ခမရ ၅၀၈ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၄ ဦးသည် အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာခဲ့သဖြင့် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့မှ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် အစောပိုင်း ၁ နာရီအချိန်တွင် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သားများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး မတရားလူသစ်စုဆောင်းခြင်းခံခဲ့ရသူများ ဖြစ်ပြီး ၎င်းတို့ စိတ်ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်နေရ သည့်အတွက် အလင်းဝင်ရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆက်သွယ်လာမှုကြောင့် SSLRU နှင့် SSRY ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် Mission စတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သွားရောက်ကယ်ထုတ်နိုင်ခဲ့သော တပ်သား(၄) ဦးကို SSLRU နှင့် SSRY မှ နွေးထွေးစွာ ကြိုဆိုကာ လုံခြုံသည့်နေရာတွင် စောင့်ရှောက်ပေးထားပြီး ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်များ ပေးသွားမည် ဖြစ်ကြောာင်း အသိပေးထားသည်။

 

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တပ်ဖွဲ့များအနေဖြင့် မတရား တပ်သားသစ်စုဆောင်းခံရသော စစ်မှုထမ်းများ နှင့် စစ်ကောင် စီတပ်ဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီထံမှ ရုန်းထွက်၍ ပြည် သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရါာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး...