CDM News

CDM News

ဒီဇင်ဘာလအတွင်း ဒုရဲအုပ်တစ်ဦးအပါအဝင် စစ်သား၊ ရဲ ၂၈ ဦး အလင်းဝင်၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၆

 

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သားနှင့်ရဲ ၂၈ ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ခဲ့ ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင် အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ် ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သားနှင့်ရဲ ၂၈ ဦး ပြည်သူ့ရင်ခွင် သို့ ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူများမှာ ဒုရဲအုပ် ၁ ဦး၊ စစ်တပ်မှ တပ်ကြပ်ကြီး ၂ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ စစ် ကောင်စီတပ်မှ တပ်ကြပ် ၂ ဦး၊ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ၁ ဦး၊ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ၁ ဦး ၊ စစ်ကောင်စီတပ်မှ တပ်သား ၅ ဦး၊ ရဲတပ်ဖွဲ့မှ ရဲတပ်သား ၉ ဦး တို့အပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၉ ဦးလည်း ပါဝင်ကြောင်း သိရသည်။

 

ထို့သို့ အလင်းဝင်ရောက်လာသူများတွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့သူ ၁၃ ဦးရှိပြီး လက် နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့ သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက် နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တပ်ဘက်မှ ၃၈၂ ဦး၊ ရဲ ၁၀၈၈၈ ဦး စုစုပေါင်း CDM လုပ် သူ ၁၄၇၆၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း၊ အရာရှိအဆင့်တွင် CDM ဝင်သူ ဒုဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ကြောင်း သိရှိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...