CDM News

CDM News

အကြမ်းဖက်စစ်ကောင်စီ စရဖ တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့်တပ်သား ၁ ဦးတို့ လက်နက် ၂ လက် နှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ် -နပခ မှ စစ်ဖက်ရေးရာ လုံးခြုံရေးတပ် ဖွဲ့ – စရဖ တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးတို့သည် လက်နက် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံက သိရသည်။

 

ဒီဇင်ဘာလ ၂၃ ရက်န့က အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နပခ ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ် – စရဖ မှတပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ၁ ဦးတို့သည် MA3 အမျိုးအစား သေနတ် ၁ လက် ၊ ပစ္စတို အမျိုးအစား သေနတ် ၁ လက် ၊ အီနာဂါဗုံးသီး ၁ လုံး၊ ဆက်စပ်ကျည်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတ-ပ်မတော် ၊ အမှတ် – ၁ စ-စ်ဒေသ ၊ မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်နိုင်ရန် အဆင့်ဆင့်ဆက်သွယ်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ သွားရောက်ခေါ်ယူကာ လိုအပ်သော ကျန်းမာရေး၊ လုံခြုံရေး စောက်ရှောက်မှုများပေး၍ ကောင်းမွန်စွာ လက်ခံထားပြီး ထိုက်သင့်သော ဆုကြေးငွေ ချီးမြှင့်နိုင်ရေး ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

လက်ရှိတွင် တစ်နိုင်ငံလုံးစစ်ရှုံးနေပြီး မကြာမီ ICC ၏ ဖမ်းဝရမ်းထုတ်ခြင်းခံရတော့ အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်တွင် ဆက်လက်တာဝန်ထမ်းမနေတော့ပဲ ပြည်သူလူထု ဘက်သို့ ဝင်ရောက်ခိုလှုံကြရန်နှင့် ဝင်ရောက်ခိုလှုံလာသည့် တပ်မတော်သားများကို အမြဲတမ်းကြိုဆို လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အ မှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားသည်။

Thanlwin Myamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...