CDM News

CDM News

မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်

 

D Day News

မေလ ၈

 

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ၂၇၄ တပ်ရင်းအတွင်းမှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

 

မေလ ၅ ရက်နေ့က ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ် အမှတ် ၃၆၈ တပ်ရင်းမှ တပ်ကြပ် ဝင်လေးသည် မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းအတွင်း တာဝန်ကျနေစဉ် CDF Mindat ထံဆက် သွယ်ပြီး ၎င်းကိုင်ဆောင်သော MA 3 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၅၆ တောင့် နှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ လင်းဝင်ရောက်ခဲ့သည့် တပ်ကြပ်အား ဆုငွေ ကျပ်သိန်း ၅၀  ချီး မြှင့်ပေးခဲ့ကြောင်း CDF Mindat က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...