CDM News

CDM News

အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ စစ်ကောင်စီတပ်သား ၄ ဦး လက်နက် ၃ လက်နှင့်အတူ KNDF ထံအလင်းဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ စစ်ကောင်စီတပ်သား ၄ ဦး လက်နက် ၃ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး ဌာန ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှေ့တန်းနေရာတစ်ခုတွင် ရောက်ရှိ နေသည့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တပ်သား ၄ ဦးသည် MA 1 အမျိုးအစား သေနတ် ၃ လက်၊ခဲယမ်းများယူဆောင်ထွက်ပြေးလာကာ KNDF တပ်ရင်းတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စုကောင်း စား ရေးအတွက် ပေးဆပ်လုပ်ကိုင်နေသောဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် ဘက် ပြောင်းခိုလှုံလာကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ကစယ်ဒိုမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန် ၇   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊...