CDM News

CDM News

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၃၃ ဦးအလင်းဝင်၊ လက် နက် အလက် ၂၀ ရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၇

 

မြန်မာနိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၃၃ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက် အလက် ၂၀ ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း များ၊ ပကဖများ သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၊ ရဲ ၃၃ ဦး ရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သူများမှာတွင် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၃ ဦး ၊ တပ်သား ၂၆ ဦးတို့ဖြစ်ပြီး လက်နက်၊ ခဲယမ်းများဖြင့်အလင်းဝင်ရောက်ခဲ့သူ ၂၀ ဦးရှိ ကြောင်း၊ အလင်းဝင်ရောက်ခဲ့သူများမှာ စစ်တပ်မှ ၂၆ ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦးရှိကြောင်း သိရ သည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာသူ များကို  အမျိုးသားညီညွတ်ရေးအစိုးရက နွေးထွေးစွာကြိုဆိုခဲ့ပြီး လက်နက်နှင့် တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည် သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF တပ်ဖွဲ့များ ၊ ပကဖများနှင့် မဟာ မိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...