CDM News

CDM News

လောင်းလုံးမြို့နယ်၊ မိုက်ခရိုဝေ့ စစ်တပ်စခန်းမှ စစ်သား ၁ ဦး လက်နက် ၂ လက်နဲ့ ခဲယမ်းတွေ ယူ ဆောင်ကာ အလင်းဝင်

 

D Day News

နိုဝင်ဘာလ ၂၁

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မိုက်ခရိုဝေ့ စစ်တပ်စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။

 

နိုဝင်ဘာလ ၂ ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအနီး မိုက်ခရိုဝေ့ဖ် စစ်တပ် စခန်းကုန်းမှာ တာဝန်ကျနေတဲ့  အကြမ်းဖက်စစ်တပ် ခလရ ၂၆၇ တပ်ရင်းက တသ ကိုကျော်သက် ဦး ဟာ  နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံ ဆက်သွယ်ပြီး အလင်းဝင် ရောက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာရောက်ချိန်မှာ MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ဘောက်နှင့် ကျည် ၂၄၆ တောင့်တို့ကို ယူဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ ရင်ခွင်ထံ ခိုလှုံလာခဲ့တာကြောင့် နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) က တသကျောက်သက်ဦးကို ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။

 

ပြည်သူ့ရင်ခွင် ခိုလှုံအလင်းဝင်ရောက်လာတဲ့ တသ ကိုကျော်သက်ဦးကို ဘေးကင်း လုံခြုံရာကို ပို့ ဆောင်ဖို့ စီစဉ်ပေးထားသလို ပြည်သူနဲ့အတူ ပူးပေါင်းလိုတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) က အသိပေးထားပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...