CDM News

CDM News

အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်နှင့် သံချပ်ကာ ပြင်ဆင်ရေးတပ်မှ စစ်သား ၂ ဦး အလင်းဝင်

 

D Day News

နိုဝင်ဘာလ ၂၀

 

စစ်ကောင်စီ၏ ရေတပ်မှ တပ်ကြပ် ၁ ဦး နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံမှ တပ်ကြပ်ကြီး ၁ ဦးတို့ အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁နှင့် ၅၁၀၂ ထံသို့ ရေတပ်မှ တက နိုင်မင်းဇော် နှင့် သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တကက အောင်မင်းဇင်တို့ အလင်းဝင် လာသဖြင့် စစ်ဘက်ဆိုင်ရာလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆု ငွေများ ချီး မြှင့်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုပါက ရန်ကုန် တိုင်း စစ်ဌာနက လက်ခံကြိုဆိုလျက်ရှိကြောင်း၊ အလင်းဝင်လာသူများအတွက် လူ့အခွင့်အရေး အပြည့် အဝရရှိမည်ဖြစ်ပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန် ဖိတ်ခေါ်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...