CDM News

CDM News

သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

 

D Day News

နိုဝင်ဘာလ ၁၉

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် သား ၂ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၄ ရက်နေ့က ထားဝယ်မြို့နယ်အခြေစိုက် ခလရ ၂၆၇ တပ်ရင်းမှ တပ်သား တစ်ဦးနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အခြေစိုက် ခမရ ၄၀၃ မှ တပ်သားတစ်ဦးတို့သည် ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများယူဆောင်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ထား ဝယ်ခရိုင်အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်​ရောက်ခဲ့ကြောင်း သိရသည်။

“အခုလက်ရှိတော့ သူတို့ကို တပ်ရင်းမှာပဲ ထားရှိပါတယ်။ နေထိုင်စားသောက်ဖို့အကုန်စီစဉ်ပေး ထားပါတယ်။ ဆုကြေးကိစ္စကတော့ MOD ကို တင်ပြပြီး လုပ်ဆောင်သွားမှာပါ” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာမည့် တပ်မတော်သား၊ ရဲ တပ်ဖွဲ့ဝင်များကို ကြိုဆိုလျက်ရှိပြီး စစ်သား၊ ရဲများ အနေဖြင့် ပြည်သူလူထုကို မျက်နှာမူကာ ပြည်သူ့ ရင်ခွင်သို့ ခိုလှုံဝင်ရောက်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...