CDM News

CDM News

ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းထံ စစ်ကောင်စီတပ်သား ၁၀ ဦး အလင်းဝင်

 

D Day News

အောက်တိုဘာလ ၇

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းထံ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

ကောလင်းမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်များမှ တပ်သားများသည် ကောလင်းခရိုင်တပ် ရင်း ၂ ထံ ဆက်သွယ်ကာ လက်နက်နှင့်အတူ အလင်းဝင်လာသူများရှိပြီး ကောလင်း ခရိုင်တပ်ရင်း၂ မှလည်း တဦးလျှင် ငွေကျပ်သိန်း ၃၀ (3000000) ပြန်လည်ချီးမြှင့်ကာ ဘေးကင်းလုံခြုံရာ နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

လက်နက်နှင့် အလင်းဝင်လာသူများ၏ လုံခြုံရေး၊ ၎င်းတို့၏မိသားစုများလုံခြုံရေးအတွက် တပ် အ မည်နှင့် သူတို့၏အမည်များကို ထုတ်ပြန်ခြင်း ပြောဆိုခြင်းပြုလုပ်မည်မဟုတ်ကြောင်း၊ ကောလင်း မြို့သို့ ပြန်လည် ဝင်ရောက်လာပြီးနောက် ယခုအချိန်အထိ ကောလင်းခရိုင် တပ်ရင်း၂ ထံ သို့ လက်နက်နှင့် အလင်းဝင်လာသူ ၆ ဦး၊ လက်နက်မဲ့အလင်းဝင်လာသူ ၄ ဦး စုစုပေါင်း ၁၀ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ပြည်သူ့နေအိမ်များကို မီးရှို့ပြီး လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက...