CDM News

CDM News

ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး ဝင်ရောက်ပါဝင် သတင်းပေးပို့ကြရန် တိုက်တွန်း

 

D Day News

အောက်တိုဘာလ ၂

 

ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံးအစီအစဉ် စတင်လိုက်ပြီဖြစ်ပြီး ဝင်ရောက်ပါဝင်ပေးပို့ကြပါရန် ဖရဲသီးစာတိုက်ပုံး အစီအစဉ် တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားသည်။

 

ဖရဲသီးစာတိုက်ပုံး ဖရဲသီးစာတိုက်ပုံး ဆိုသည်မှာ စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများ၊ ဌာန တွင်း သတင်းများ၊ စစ်ရေးသတင်းများ သတင်းအချက်အလက်များစွာကို တော်လှန်ရေး အင်အား စုများထံသို့ လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် ပေးပို့နိုင်မည့် နည်းပညာတခုဖြစ်ကြောင်း သိရ သည်။

 

ဖရဲသီးစာတိုက်ပုံးကို Time Zone မတူညီသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ IT ပညာဖြင့် သင်ကြား/ လုပ် ကိုင်နေသော မြန်မာကျောင်းသားများမှ IT နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ဖရဲသီးစာတိုက်ပုံးသည် စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများကို တော်လှန်ရေးအင်အား စုများ ထံသို့ အချိန်နှင့်တပြေးညီ ရောက်ရှိသွားအောင် နည်းပညာဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ ချိတ်ဆက်ထားသဖြင့် စကစ၏ ဝန်ကြီးဌာနတွင်း သတင်းများ၊ အကျင့်ပျက်ဝန်ထမ်းများ၏ သတင်းများ၊ စစ်ရေးသတင်းများနှင့် အခြား အရေးကြီးသတင်းများကိုပါ text, image, video files များကို တခါတည်း ပေးပို့နိုင်အောင် စီစဉ်ချိတ်ဆက်ထားကြောင်း သိရသည်။

“ရုံးတွင်းသတင်းတွေသာမက အရပ်ဘက်သတင်းတွေကို လည်း ပေးပို့နိုင်အောင် ပရိုဂရမ်ရေးဆွဲထား တယ်။ နည်းပညာ အားနည်းသူများအတွက်လည်း လွယ်ကူစွာ သုံးစွဲနိုင်အောင် ထည့်သွင်းရေးဆွဲ ထားတယ်။ ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖရဲသီးစာတိုက်ပုံး မှ ရာနှုန်းပြည့်တာဝန်ယူထားတယ်။” ဟု ဖရဲသီးစာတိုက်ပုံအစီအစဉ်တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ဖရဲသီး စာတိုက်ပုံး နည်းပညာရှင်များသည် PDF တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင် သပိတ်အဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ CDM ပြုလုပ်ထားကြသော အရာထမ်း၊ အမှုထမ်း များဖြင့် ချိတ်ဆက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး မြန်မာ IT နည်း ပညာရှင်များက တော်လှန်ရေး အတွက် သီးသန့်ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဖရဲသီးစာတိုက်ပုံး အစီအစဉ်သည် တော်လှန်ရေး၏ အချိုးအကွေ့ တခုအတွက် နည်းပညာဖြင့် ပေါင်း စပ်ကာ အချိန်ကိုက်ထွက်ရှိလာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပညာသင်ကြားနေသော မြန်မာ IT ကျောင်းသားအများစုသည် စစ်အာဏာသိမ်းမှု စတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တည်းကစ၍ တော်လှန်ရေးအတွက် အရေးပါသော ကဏ္ဏမျိုးစုံတွင် မိမိတို့တတ်ကျွမ်းသော နည်း ပညာဖြင့် ယနေ့အထိ ပါဝင်တော်လှန်လျက်ရှိကြောင်း အသိပေးထားသည်။

 

ဖရဲသီးစာတိုက်ပုံး အမည်ရ ဝပ်ဆိုဒ် https://thadinpay.com/login (သို့) တယ်လီဂရမ် https://t.me/ThadinpayBot Website and Telegram channel ၂ ခုလုံးမှ ဆက်သွယ်၍ သတင်း ပေးနိုင်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...