CDM News

CDM News

မြစ်ခြေမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းယူဆောင်ပြီး အလင်းဝင်

 

D Day News

စက်တင်ဘာလ ၃၀

 

မန္တလေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်း ဝင်ခဲ့ကြောင်း မြစ်ခြေ- ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC – KC DF တပ်ဖွဲ့ ထံမှ သိရ သည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့က မြစ်ခြေရဲစခန်း၌ တာဝန်ကျနေသော အကြမ်းဖက်စစ်တပ်လက် အောက်ခံ ရဲတပ်သားတစ်ဦးသည် G3 သေနတ်အမျိုးအစား ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ကျည် ၁၉၈ တောင့်၊ လက်ပစ် ၁ လုံး နှင့် အတူ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ ထွက်ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်တပ်သင်္ဘောများပေါ်မှ ဒုရဲအုပ်တစ်ဦးနှင့် စစ် မှုထမ်းတပ်သား ၂ ဦး ခုန်ချထွက်ပြေးလာပြီး PDF တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း...