CDM News

CDM News

ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ် ရဲမေတစ်ဦး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

 

D Day News

ဧပြီလ ၁၁

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲမေ တစ်ဦး သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPDF ထံမှ သိရသည်။

 

အလင်းဝင်ရောက်ရန် ဆက်သွယ်လာခဲ့သည့် ရဲမေကို ချင်း အမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့၏ အကူအညီဖြင့် ခေါ်ဆောင်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်း၏ဆန္ဒအရ ဆက်လက်၍ လက်နက်ကိုင် လိုခြင်းမရှိသဖြင့် သက်ဆိုင်ရာ ရပ်ကျေး /မြို့နယ် ပအဖများသို့ ထပ်မံဆက်သွယ်ကာ စနစ်တကျ လွှဲ ပြောင်း အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

“အလင်းဝင်ခဲ့တာတော့ ကြာပြီ၊ ၂ လလောက်ရှိတော့မယ်၊ သူ့ကို သွားခေါ်ခဲ့ရတာလည်း ကြာခဲ့သေး တယ်။ မိသားစုတော့ မပါဘူး၊ လက်နက်ခဲယမ်းတွေလည်းမပါဘူး၊ အခုလက်ရှိတော့ သူ့ကို မြို့နယ် ရပ်ကျေး ပအဖတွေဆီလွှဲပြောင်းအပ်နှံထားပါတယ်” ဟု ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လက်နက်ကိုင်မဟုတ်သော အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက် ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်လာသူများကို တပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း ဥပဒေများနဲ့အညီ စုံစမ်းစစ်ဆေးမေးမြန်းပြီး ၎င်းတို့၏ဆန္ဒနဲ့အညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က ထုတ်ပြန် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...