CDM News

CDM News

စစ်မှုထမ်း အမိန့်ဖြင့် စုဆောင်းခံရသူတစ်ဦး စစ်သင်တန်းဆင်းပြီးနောက် ရှေ့တန်းပို့ဆောင်ချိန် လက်နက်ခဲယမ်းများယူပြီး အလင်းဝင်

 

D Day News

စက်တင်ဘာလ ၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအမိန့်ဖြင့် စစ်သားစုဆောင်းခံ ရပြီးနောက် စစ်သင်တန်းသွားဆင်းပြီး ရှေ့တန်းပို့ဆောင်ခံရချိန်တွင် လက်နက်၊ခဲယမ်းများယူဆောင် ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Burman Revolution Rangers ထံမှ သိရသည်။

 

စက်တင်ဘာလ ၆ ရက်နေ့က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တပ်သားတစ်ဦးသည် MA3 အမျိုးအစား သေ နတ် ၁ လက်၊ကျည်ဘောက် ၁ ဘောက် နှင့် 5.56 ကျည် အတောင့် ၂၀ တို့ကို ယူဆောင်လာကာ Burman Revolution Rangers တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သူသည် အာဏာရှင်စစ်ကောင်စီကို ထောက်ခံခြင်းမရှိသူဖြစ်ပြီး စစ်မှုထမ်း အမိန့်ဖြင့် မတရားစစ်သား စုဆောင်ခံရကာ သင်တန်းဆင်းပြီးနောက် ရှေ့တန်းပို့ဆောင်ခံရချိန်တွင် လက်နက်ခဲယမ်းများယူဆောင်ပြီး ထွက်ပြေားလာကာ အလင်းဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရ သည်။

 

လက်နက်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ရောက်နိုင်ခဲ့သူ စစ်ကောင်စီတပ်သားကို Burman Revolution Rangers ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ကာ လွတ်မြောက်ရာနေရာသို့ပို့ဆောင်ပေးခဲ့ ကြောင်း၊ စစ်ကောင်စီတပ်သားများအနေ ဖြင့် စစ်အာဏာရှင်လက်အောက်မှာမနေပဲ ပြည်သူနှင့် အတူ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...