CDM News

CDM News

မော်လမြိုင် ရေတပ်မှ တပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်တော် ရန်ကုန်တိုင်းစစ်ဌာနထံ လက်နက်မဲ့ အလင်းဝင်၊ ဂုဏ်ပြုဆုငွေချီးမြှင့်

 

D Day News

စက်တင်ဘာလ ၅

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ၊ ရန်ကုန်တိုင်း စစ်ဌာနက ထုတ်ပြန်ထားသည်။

 

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် အမှတ် ၂ ဗျူဟာ ရေယာဉ်စုမှ တပ်ကြပ်ညီညီလွင်သည် ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ တပ်ကြပ်ညီညီလွင်ကို လုပ် ထုံး၊ လုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ ကြောင်း သိရသည်။

 

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီး လက်နက်ဖြင့်အလင်းဝင်လာသူများ ကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သား ဝေလင်းထက်နှင့် ခလရ ၁၂ ၊ တပ်ရင်း ၃၅၆ မှ တပ်သား ခွန်ကျော်ဦးတို့ ၂ ဦး ရန် ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင်လာသဖြင့် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ စိစစ်လက်ခံကာ ဂုဏ်ပြုဆုချီးမြှင့်ငွေ ပေးအပ်ခဲ့သေးသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...